ပျောက်ဆုံး နေ သောလေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီဟု ဖိလစ်ပိုင်မီဒီယာက ဆို

(GMT+08:00)2023-02-20 16:37:14  

ဖိလစ်ပိုင်နိုင်ငံ Mayonမီးတောင်၌ မကြာခင်က ပျောက်ဆုံးခဲ့သော Cessna လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီဟု ၁၉ရက်နေ့က ဖိလစ်ပိုင်နိုင်ငံအသံလွှင့်ဌာနမှ သတင်းအရ သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံအောက်လွှတ်တော်အမတ် ဆာလ်စိုက်ဒါက လက်ရှိအချိန်အထိ လေယာဉ်ပေါ်ရှိ လူ၎ဦးကို ရှာမတွေ့ရသေးကြောင်း၊ ရှာဖွေရေးလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်နေသေးကြောင်း လူမှုကွန်ရက်မီဒီယာတွင် ရေးသား ဖော်ပြပါသည်။

၁၈ရက်နေ့နံနက်ပိုင်းက လူ ၄ဦး တင်ဆောင် ခဲ့သော အသေးစား Cessna ၃၄၀ လေယာဉ်သည် ဖိလစ်ပိုင် ဘီကို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး ပျောက်ဆုံးသွားခဲ့ ခြင်းဖြစ် ပါသည်။