ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့တွင် ရွှင်ဖူအမျိုးသမီးများသည် ဆံထိုးနှင့် ပန်းခေါင်းစွပ်များ ဝတ်ဆင်ပြီး ရွှင်ဖူ ရိုးရာလှုပ်ရှားမှုများကို ပြုလုပ်ကြသည်

(GMT+08:00)2023-02-20 16:18:37  

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့၌  ရိုးရာယဉ်ကျေးမှုပွဲတော်ကို  ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါသည်။

နှစ်စဉ် တရုတ်သက္ကရာဇ် ပထမလ၏ ၂၉ရက်နေ့တွင် ရွှင်ဖူအမျိုးသမီးများသည် တစ်နှစ်တာအတွင်း  အခမ်းနားဆုံး ဆံထိုးနှင့် ပန်းခေါင်းစွပ်များကို ၀တ်ဆင်တဲ့ ရိုးရာလှုပ်ရှားမှုများကို  ပြုလုပ်ကြသည်။ ရွှင်ဖူရွာသည် ချွမ်ကျိုးမြို့ရှိ ကျော်ကြားသော တံငါရွာနှင့်သမိုင်းဝင် ယဉ်ကျေးမှုကျေးရွာတစ်ခုဖြစ်ပြီး ထူးခြားသောဝတ်စုံနှင့် ရိုးရာ ဓလေ့များရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် ရွှင်ဖူ အမျိုးသမီးများ၏ ရိုးရာယဉ်ကျေးမှုလှုပ်ရှားမှု ကို ဒုတိယအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်း သွင်းခဲ့သည်။