မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှုန်းသည် အမေရိကန်၏ စစ်ရေး ဆောင်ရွက်မှု အပေါ် မူတည်မည်ဟု ကင်ယိုဂျုံက ပြောကြား

(GMT+08:00)2023-02-20 16:26:25  

ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ ဒုဝန်ကြီး ကင်ယိုဂျုံက မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားသည် ကျေနပ်ဖွယ်ကောင်းသော လက်နက်နည်းပညာနှင့် စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် လက်နက်အရေ အတွက် တိုးလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှ သတင်းအရ သိရပါသည်။

ယခုလောလောဆယ်  ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ က ပိုမို တိုးလာခဲ့ပါသည်။ ကင်ယိုဂျုံက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ လုံခြုံရေးအပေါ် အမေရိကန်စစ်ရေးလှုပ်ရှားမှုများ၏ သက်ရောက်မှုကို သေချာ လေ့လာနေကြောင်း၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အန္တရာယ်များ ဖြစ်စေနိုင်ဖွယ်ရာရှိလျှင် မြောက်ကိုရီးယားက သက်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို သေချာပေါက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ ပစိဖိတ်သို့ ဒုံးကျည် ပစ်လွှတ်မှုနှုန်းသည် အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။