ဝမ်ယိသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာစာနှင့် တွေ့ဆုံ

(GMT+08:00)2023-02-20 16:29:23  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ ဝမ်ယိသည် မြူနစ်လုံခြုံရေးအစည်းအဝေးသို့ တက်ရောက်စဉ် အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှိမာစာနှင့် တွေ့ဆုံခဲ့ပါသည်။

ဝမ်ယီက တရုတ်နှင့်ဂျပန်တို့သည် ရေ တစ်စွန်းတစ်စခြားကာ နီးကပ်သောအိမ်နီးချင်းဖြစ်ကြောင်း၊ သမိုင်းကို မှန်တစ်ချပ် အဖြစ်ယူကာ အနာဂတ်ကိုဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံအကြား ပေါင်းသင်းဆက်ဆံရန် မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း၊ နျူကလီးယားရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းသည် ပင်လယ်ဝန်းကျင်နှင့်နိုင်ငံအသီးသီးမှ ပြည်သူများ၏ ကျန်းမာရေးနှင့် သက်ဆိုင်သဖြင့် ဂျပန်အနေနှင့် သတိဖြင့် ဆင်ခြင်စွာ ကိုင်တွယ်သင့်ကြောင်း အလေးထားဖော်ပြခဲ့ပါသည်။

ဟာယာရှီ ယိုရှီမာစာ က ဂျပန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်ဝပြောရေးအတွက် အလွန်အရေးကြီးကြောင်း ဖော်ပြပါသည်။