တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် တရုတ်နှင့် အမေရိကန် ထိတွေ့ ဆက်ဆံမှု အကြောင်းများကို ရှင်းလင်းပြောကြား

(GMT+08:00)2023-02-20 16:21:05  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် တရုတ်နှင့် အမေရိကန် ထိတွေ့ ဆက်ဆံမှု အကြောင်းများကို အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ သည် မြူးနစ် လုံခြုံရေး ညီလာခံ ကို တက်ရောက်ချိန်အတွင်း အမေရိကန်ဘက်မှ တောင်းဆိုချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် အလွတ်သဘော ဆက်သွယ်ခဲ့သည်။ 

ဝမ်ယိသည် လေသင်္ဘော ဖြစ်ရပ်အပေါ် တရုတ်ပြည်၏ တည်ကြည်လေးနက်သော သဘောထားရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖေါ်ပြပြီး အမေရိကန်၏ လုပ်ဆောင်ချက်သည် စံတင်လောက်သော လက်နက်အင်အား အလွဲသုံးစားမှု ဖြစ်တာ ကြောင့် တရုတ်နိုင်ငံ တည်ကြည်လေးနက်စွာ ကန့်ကွက်ကြောင်း ဖေါ်ပြပါသည်။

ဝမ်ယိက ထိုင်ဝမ် ပင်လယ် တည်ငြိမ်ရေးကို ထိန်းသိမ်းလိုပါက ထိုင်ဝမ် သီးခြား တည်ရှိရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ရပြီး တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို အမှန်စင်စစ် စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် နိုင်ငံရေးဆိုင်ရာ ကတိပြုချက်ကို လိုက်နာစောင့်စည်းရမည် ဖြစ်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံကြောင်း ဟူသော သဘောထားဖေါ်ပြချက်ကို လက်တွေ့ကျကျ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။