ဝမ်ယိသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် တွေ့ဆုံ

(GMT+08:00)2023-02-20 16:34:24  

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ် ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ ဝမ်ယိသည် မြူးနစ်လုံခြုံရေး အစည်းအဝေး အတောအတွင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု သတင်းအရသိရပါသည်။

ထိုသို့တွေ့ဆုံရာ၌ ဝမ်ယိက ယူကရိန်းပြဿနာရေးရာများတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် စေ့စပ်ဆွေးနွေးရေးဘက်တွင် အမြဲရပ်တည်နေပြီး၊ ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိရန် အစဉ်တစိုက် စွဲကိုင်ထား ကြောင်း ပြောကြားခဲ့ပါသည်။

 Kuleba ကလည်း ယူကရိန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ အဆင့်နေရာနှင့် အရေးကြီး သြဇာလွှမ်းမိုးမှုကို အလေးထားပြီး တရုတ်နိုင်ငံက အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။