ဖေဖေါ်ဝါရီလ ၁၉ရက်နေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ Nueva Vizcayaပြည်နယ်အနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် Cagayanပြည်နယ် Aparriမြို့ ဒုတိယမြို့တော်ဝန် အပါအဝင် လူ၆ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရဲဘက်သည် ယင်းမှုခင်းအပေါ် စုံစမ်းစစ်ဆေးနေကြောင်း ဖိလစ်ပိုင်ရဲဘက်မှ သတင်းကိုကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။
ယခုတလော ဖိလစ်ပိုင်နိုင်ငံ၌ နိုင်ငံရေးသမားကို ဦးတည်ပြီး တိုက်ခိုက်မှုများစွား ဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့က Lanao Del Surပြည်နယ်အုပ်ချုပ်ရေးမှူး၏ ယာဉ်အဖွဲ့သည် တိုက်ခိုက်မှုခံရ သောကြောင့် လုံခြုံရေးသမား၎ဦး သေဆုံးပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားလူတစ်ဦးတို့သည် ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရပါသည်။