ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်၏ တရားဝင် ရုပ်ရှင် “ပေကျင်း ၂၀၂၂”၏ ပထမဆုံး ရုပ်ရှင် နမူနာကားနှင့် ပိုစတာ ထုတ်ပြန်

(GMT+08:00)2023-02-20 16:33:16  

ယခုလ ၂၀ရက်နေ့တွင် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်၏ တရားဝင် ရုပ်ရှင် “ပေကျင်း ၂၀၂၂”၏ ပထမဆုံး ရုပ်ရှင် နမူနာကားနှင့် ပိုစတာကို ထုတ်ပြန်ပါသည်။ ပထမဆုံး ပိုစတာ၏ ဆောင်ပုဒ်မှာ “သဘာဝနှင့် ကစားမှု ပြုခြင်း”နှင့် “အကန့်အသတ်ကို စိန်ခေါ်ခြင်း” ဖြစ်ပါသည်။

“ပေကျင်း ၂၀၂၂”၏ ကြီးကြပ်ကွပ်ကဲသူသည် နာမည်ကျော်ကြားသည့် ဒါရိုက်တာ ကျန်းယိမို ဖြစ်ပြီး လုချွမ်းက ဒါရိုက်တာ ဖြစ်ပါသည်။ ၄င်းရုပ်ရှင်ကားကို ယခုနှစ်တွင် ရုံတင်ပြသမည် ဖြစ်ပါသည်။