ရှီကျင့်ဖိန်သည် ၃၆ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-02-19 11:19:08  

ယခုလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၃၆ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး အာဖရိကနိုင်ငံများနှင့် ပြည်သူများအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုထောမနာ ပြုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် အာဖရိက ဆက်ဆံမှုသည် အရှိန် ကောင်းမွန်စွာဖြင့် ဆက်တိုက် တိုးတက်လာပြီး တရုတ်နှင့် အာဖရိက ပူးပေါင်း ဆောင်ရွက်မှုသည် ကဏ္ဍစုံ၊ အဆင့်ပေါင်းစုံ၊ အရည်အသွေးမြင့်မားစွာ ဆက်တိုက် တိုးတက်လာကြောင်း၊ မိမိအနေနှင့် အာဖရိကနိုင်ငံ ခေါင်းဆောင်များနှင့် အတူ တရုတ်နှင့် အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး ကမ္ဘာနှင့်ဒေသရေးရာများတွင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ အရည်အချင်း မြင့်မားသော တရုတ်နှင့် အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးလိုပါကြောင်း ယင်းသဝဏ်လွှာတွင် ရေးသားဖေါ်ပြထားပါသည်။