အမေရိကန်သမ္မတဟောင်း ဂျီမီကာတာသည် မကွယ်လွန်မီ ပြုစုစောင့်ရှောက်မှု စတင်

(GMT+08:00)2023-02-19 11:22:45  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က CNN မှသတင်းအရ ထိုနေ့တွင် အမေရိကန် Carter Center မှ  ကြေညာချက်ကိုထုတ်ပြန်ပြီး အမေရိကန်သမ္မတဟောင်း ဂျီမီကာတာသည် မကွယ်လွန်မီ ပြုစု စောင့်ရှောက်မှုကို စတင်လက်ခံတော့မည်ဖြစ်ကြောင်း သိရပါသည်။

သမ္မတဟောင်း ဂျီမီကာတာသည် ဆေးရုံတွင်အချိန်တိုကုသပြီးနောက် ကျန်အချိန်များကို ၎င်း၏နေအိမ်တွင် မိသားစုနှင့်အတူနေပြီး အပိုဆေးဘက်ဆိုင်ရာ ကုသခြင်းအစား မကွယ်လွန်မီ ပြုစုစောင့်ရှောက်ခြင်းကိုခံယူရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဤဆုံးဖြတ်ချက်ကို ကာတာ၏ မိသားစုနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့မှအပြည့်အဝ ထောက်ခံကြောင်း၊ သမ္မတဟောင်း ဂျီမီကာတာသည် ယမန်နှစ်တွင် အသက် ၉၈ နှစ် ပြည့်ခဲ့ကြောင်း သိရပါသည်။