ဝမ်ယိသည် လေသင်္ဘောအရေးနှင့်ပတ်သက်ပြီး အမေရိကန်အား ရပ်တည်ချက်ဖော်ပြ

(GMT+08:00)2023-02-19 11:29:50  

ဒေသစံတော်ချိန်ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ သည် မြူးနစ် လုံခြုံရေး ညီလာခံ ကို တက်ရောက်ချိန်အတွင်း အမေရိကန်ဘက်မှ တောင်းဆိုချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် အလွတ်သဘော ဆက်သွယ်ခဲ့သည်။

ဝမ်ယိက လေသင်္ဘော အရေးနှင့်ပတ်သက်၍ တရုတ်ပြည်ဘက်မှ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖေါ်ပြ ခဲ့ ပြီး အမေရိကန်ဘက်အား သက်ဆိုင်ရာလုပ်ဆောင်ချက်ကို ပြောင်းလဲပြီး လက်နက်အင်အားအလွဲသုံးစားမှုကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ်  ထိခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းရန်  တောင်းဆိုကြောင်း ပြောကြား ခဲ့ ပါသည်။