မကြာခင်က အမေရိကန်ခေါင်းဆောင် အိမ်ဖြူတော်မှာ မိန့်ခွန်း ပြောကြားရာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ပစ်ချခဲ့တဲ့ ဝတ္တုပစ္စည်း သုံးခုဟာ တရုတ်နိုင်ငံနဲ့ သက်ဆိုင်တယ်လို့ ပြသတဲ့လက္ခဏာ မတွေ့ရှိကြောင်း၊ အမေရိကန်က တရုတ်နိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမှာ ဖြစ်ပြီး စစ်အေးတိုက်ပွဲသစ် ပြုလုပ်ဖို့ မရှာကြံလိုကြောင်း ပြောကြားခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ တရုတ်နိုင်ငံရဲ့ ပူဖောင်း ကို ပစ်ချခဲ့တာကြောင့် တောင်းပန်မှာ မဟုတ်ကြောင်းလည်း သူက ပြောခဲ့တယ်။
အမေရိကန်ရဲ့“ပူဖောင်း နိုင်ငံရေး ရှိုးပြခြင်း” ပြုလုပ်ခဲ့တာ လဝက်လောက် ကြာမြင့် ပါပြီ။ ယင်းအတောအတွင်း တရုတ်ပြည်ဘက်က တရုတ်ပြည် အရပ်ဘက်သုံး လေသင်္ဘော က အထိန်းမရတဲ့ အကြောင်းရင်းကြောင့် အမေရိကန် ပိုင်နက် ကောင်းကင်ယံသို့ ဝင်ရောက်ခဲ့ခြင်းဟာ မတော် တဆ ဖြစ်ရပ် သတ်သတ် ဖြစ်တယ်လို့ အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး အမေရိကန် အရာရှိ များစွာတို့ကလည်း တရုတ်ပြည်ရဲ့ ပူဖောင်းဟာ အမေရိကန်ရဲ့ ပြည်သူနဲ့ လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု တစ်စုံတစ်ခု ဖြစ်စေမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်မှာ ပါတီ နှစ်ခု အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ အခြေအနေမှာ အထက်ပါ ရိုးရိုးသာမန် မတော်တဆ ဖြစ်ရပ်ဟာ လူ့ပယောဂကြောင့် ရှုပ်ထွေးပွေလီ ဖြစ်လာပြီး “အမြောက်နဲ့ ခြင်ကို ပစ်ခတ်”သလို ဖြစ်တဲ့ နိုင်ငံရေး ရှိုးပြခြင်း ဖြစ်ရပ် တစ်မျိုး ဖြစ်လာလိုက်တယ်။
တရုတ်အစိုးရမှ ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ် မေလကစပြီး အမေရိကန်ဟာ တစ်ကမ္ဘာလုံးသို့ မိုးပျံပူဖောင်း အမြောက်အမြားကို လွှတ်တင်ခဲ့ပြီး အနည်းဆုံး ၁၀ ကြိမ်ကျော် တရုတ်ပိုင်နက် ကောင်းကင်ယံကို တရားမဝင် ဖြတ်သန်းခဲ့တယ်။ အမေရိကန်က ဘာဖြစ်လို့ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အသံတိတ် နေကာ အမေရိကန် ပိုင်နက် ကောင်းကင်ယံသို့ မတော်တဆ ဝင်ခဲ့တဲ့ တရုတ်အရပ်ဘက်သုံး လေသင်္ဘော တစ်ခု အပေါ်တော့ အလွန်အကဲ တုံ့ပြန် လုပ်ဆောင်ခဲ့သလဲ။ ဒါဟာ စံတင်လောက်တဲ့ အမေရိကန်ပုံစံ စံနှစ်မျိုး ထားခြင်းပဲ ဖြစ်ပါတယ်။
အမေရိကန် အနေနဲ့ ပြည်တွင်း နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်ကြောင့် ယုတ္တိမဲ့ ဆင်ခြင်မဲ့ အကြောင်းကိစ္စကို မလုပ်ပါနဲ့။ “လေလွင့် ပူဖောင်း”တစ်လုံးကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု လမ်းလွဲလာအောင် မလုပ်ပါနဲ့လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။