အာကာသယာဉ်မှူးများအဖွဲ့သည် သတင်းထောက်များနှင့်တွေ့ဆုံပွဲကို ဘေကျင်း အာကာသ စီးတီး တွင် ပြုလုပ်

(GMT+08:00)2023-02-18 14:12:23  

Shenzhou-14 အာကာသ ယာဉ်မှူးများ အဖွဲ့ပြန်ရောက် လာ သည့် ၇၅ ရက် ကြာပြီးနောက် တရုတ် အာကာသယာဉ်မှူးများ စင်တာသည် ဘေကျင်း အာကာသ စီးတီးတွင်  အာကာသယာဉ်မှူးများနှင့် သတင်းထောက်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေပိုင်းက  ကျင်းပခဲ့ကြောင်း၊ ၄င်းသည် Shenzhou-14 အာကာသယာဉ်မှူးများ ပြန်လာပြီးနောက်  မီဒီယာများနှင့် ပြည်သူအများ ပထမဆုံး အကြိမ် တရားဝင်တွေ့ဆုံပွဲဖြစ်ကြောင်း၊ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် အာကာသယာဉ်မှူးများအဖွဲ့ ကျန်းမာရေးအခြေအနေနှင့်  နောက်ဆက်တွဲ အစီအမံများကို မိတ်ဆက် ပေးခဲ့ကြောင်းသိရပါသည်။