ဂျာမနီနိုင်ငံရှိ အမေရိကန် စစ်စခန်းတွင် လေ့ကျင့်မှု ခံရသည့် ပထမဆုံးအသုတ် ယူကရိန်း စစ်သားများ လေ့ကျင့်မှု ပြီးဆုံးပြီဟု အမေရိကန်ဆို

(GMT+08:00)2023-02-18 14:43:46  

        ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်စခန်းတွင် လေ့ကျင့်မှု ခံရသည့် ပထမဆုံးအသုတ် ယူကရိန်း စစ်သားများသည် လေ့ကျင့်မှု ပြီးဆုံးပြီဖြစ်ကြောင်း ဒေသစံတော်ချိန် ၁၇ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပတ်-ရိုက်တာက ပြောကြားသည်။ ၆၃၅ ဦးခန့် ရှိသည့် ယူကရိန်း စစ်သားများသည် M2 Bradley ခြေလျင်တိုက်ခိုက်ရေး အပါအဝင် ၅ ပတ်ကြာခန့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။