အဆိပ်ပါ ရထားသည် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေခဲ့ပြီး ဘက်အသီးသီးမှ ဘေးကင်း လုံခြုံရေး ဆိုင်ရာ သံသယများ တိုးလာ

(GMT+08:00)2023-02-18 14:46:10  

အိုဟိုင်းယိုးပြည်နယ်တွင် အဆိပ်ပါရထား မတော်တဆမှု ဖြစ်ပွားပြီး နှစ်ပတ်နီးပါးအကြာတွင် အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီ ဒါရိုက်တာ မိုက်ကယ်ရေဂင်သည် ၁၆ ရက်နေ့တွင် အရှေ့ပါလက်စတိုင်းမြို့သို့ သွားရောက်ပြီး အဆိပ်ပါရထား မတော်တဆမှု ဖြစ်ပွားပြီးနောက် အရှေ့ပါလက်စတိုင်းမြို့သည် ဘေးကင်းလုံခြုံသည်ဟု သံသယရှိသူများကို  အာမခံပေးခဲ့သည်။ သို့သော်လည်း အဆိုပါပြောဆိုချက်ကို ဒေသခံပြည်သူများက အသိအမှတ်မပြုခဲ့ပေ။  အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် ဗန်းစ် သည်  ၁၆ ရက်နေ့က အရှေ့ ပါလက်စတိုင်းမြို့ကို သွားပြီးရိုက်ကူးထားသော ဗီဒီယိုထဲတွင် ညစ်ညမ်းနေသော ရေပြင်တွင် ငါးသေနှင့်ပိုးကောင်သေများ ပြည့်နေပြီး ရေထဲတွင် ဓာတုပစ္စည်းများ ပါဝင်နေသည်ဆိုတာ သိသာထင်ရှားကြောင်း သူက ပြောပါသည်။ Johns Hopkins တက္ကသိုလ်မှ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဒယ်ခါလိုက လက်ရှိအချိန်တွင် အစိုးရက ဒေသခံ လေထုအပေါ် စောင့်ကြည့်မှုသည်  စောင့်ကြည့်ကိရိယာများမှ ဒေတာအထိ လုံလောက်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။