Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးရန် ရုရှားက အမေရိကန်ကို တောင်းဆို

(GMT+08:00)2023-02-18 14:39:21  

ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zakharova က Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခဲ့သည့်နေရာတွင် နေတိုးအဖွဲ့၏ စောင့်ကြည့်ရေးကိရိယာများဖြင့် ဖုံးအုပ်ထား၍ အမေရိကန်နိုင်ငံသည် ၎င်းအနေနဲ့ အပြစ်မရှိကြောင်း သက်သေပြနိုင်ရန်အတွက် စုဆောင်းထားသည့် သက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်သင့်သည်ဟု ပြောကြားခဲ့ပါသည်။

ယခုလ ၈ရက်နေ့တွင် အမေရိကန် ဝါရင့် စုံစမ်းစစ်ဆေးရေး သတင်းထောက် Seymour Hersh က "North Stream" သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါဖြစ်ရပ်ကို အမေရိကန် အစိုးရက တိုက်ရိုက် စီစဉ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အမေရိကန် အစိုးရက ၄င်းကို အစွမ်းကုန် ငြင်းဆိုခဲ့ပြီး ယင်းစုံစမ်းစစ်ဆေးမှု ဆောင်းပါးသည် အဖြစ်အမှန် လုံးဝမဟုတ်ကြောင်းလည်း ဖော်ပြခဲ့ပါသည်။