အန္တရာယ်ရှိ ပစ္စည်းများ တင်ဆောင်သော ရထားတစ်စီးသည် အမေရိကန် ဒက်ထရွိုက်မြို့ဆင်ခြေဖုံးတွင် လမ်းချော်သွားသည်

(GMT+08:00)2023-02-18 14:46:46  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က  အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့ ဆင်ခြေဖုံးတွင် အန္တရာယ်ရှိ ပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်သွားခဲ့သည်။ ရထားလမ်းချော်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ အနည်းဆုံး ရထားခြောက်တွဲ လမ်းချော်ခဲ့ပြီး ၄င်းအနက် တစ်တွဲမှာ အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်ထားကြောင်း ဒေသခံ ရုပ်မြင်သံကြားဌာနက ဖော်ပြသည်။

မကြာသေးမီ နှစ်များအတွင်း အမေရိကန်နိုင်ငံတွင် ရထားမတော်တဆမှုများ မကြာခဏ ဖြစ်ပွား ခဲ့သည်။ ယခုလ အစောပိုင်းက အိုဟိုင်းယိုးပြည်နယ်တွင် အဆိပ်ပါ ဓာတုပစ္စည်းများ တင်ဆောင် လာသည့် ရထားတစ်စီး လမ်းချော်သွားသဖြင့် အများပြည်သူများ စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်။ ၁၃ ရက်နေ့ တွင် အမေရိကန် ကုန်တင်ရထား တစ်စီးသည် တက္ကဆက်ပြည်နယ်တွင် ကုန်တင်ကားနှင့် တိုက်မိ၍ ကုန်တင်ကားမောင်းသူ သေဆုံးပြီး ရထားတွဲ ဆယ်တွဲကျော် လမ်းချော်သွားခဲ့ ကြောင်း သိရှိရ သည်။