အမေရိကန်သည် လက်နက်အင်အားကို အလွဲသုံးစား ပြုလုပ် ခြင်းနှင့် လွန်ကဲစွာ တုံ့ပြန် ဆောင်ရွက်မှု မပြုလုပ်သင့်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-02-18 14:41:29  

   တရုတ်နိုင်ငံက အမေရိကန် စစ်ရေးစက်မှုလုပ်ငန်း ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည့် ရည်ရွယ်ချက်မှာ “ပူဖောင်း အရေးအခင်း” အပေါ် “လူအများ၏ အာရုံကို ရွှေ့ပြောင်းစေရန်” ဖြစ်ခြင်း ဟူသော ၁၆ ရက်နေ့တွင် အမေရိကန် အိမ်ဖြူတော်မှ သတင်းရေးရာ အတွင်းရေးမှူးချုပ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သတင်း ထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က “လူအများရဲ့ အာရုံကို ရွှေ့ပြောင်းစေဖို့” အကြောင်း ပြောမိတော့ ကျွန်တော်က အမေရိကန်ကို မေးချင်တယ်၊ ဘာဖြစ်လို့ အမေရိကန်က မီတာ ၁၈၀၀၀ မြင့်တဲ့ မိုးကောင်းကင်မှာ ဖြတ်သန်း ပျံသန်းတဲ့ ပူဖောင်းကို မြင်နိုင်ပေမယ့် အိုဟိုင်းယိုး ပြည်နယ် ကောင်းကင်ယံမှာ vinyl chloride အဆိပ်ပါ မှိုပုံစံ တိမ်တိုက်ကို မမြင်ချင် ယောင်ဆောင်ထားသလဲ၊ Nord Stream သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားခါစမှာ စုံစမ်းစစ်ဆေးမယ်လို့ အော်ဟစ်ပေမယ့် အမေရိကန် သတင်းထောက်တွေရဲ့ နောက်ဆုံး စုံစမ်းစစ်ဆေးမှုရလဒ် သတင်းတွေ ထုတ်ပြန်ခဲ့ပြီးနောက် အသံတိတ် နေခဲ့တာလဲ။ အမေရိကန် အနေနဲ့ အမေရိကန်က နှောင်းပိုင်းမှာ ပစ်ချခဲ့တဲ့ မိုးပျံ ပူဖောင်း သုံးခုက ဘာလဲ ဆိုတာကိုလည်း ရှင်းပြသင့်တယ်။ အဲဒီ ပူဖောင်း တွေ အမေရိကန်ရဲ့ မိုးကောင်းကင် မှာ ပေါ်ထွက်ခြင်းဟာ တာဝန်မယူတဲ့ လုပ်ဆောင်ချက် ဖြစ်တာကို အမေရိကန်က မထင်မှတ်ပါက ဘာဖြစ်လို့ တရုတ်နိုင်ငံအား နာမည်ဆိုး တပ်ပြီး ပြောဆိုနေခဲ့တာလဲ။ အမေရိကန် အနေနဲ့ လက်နက်အင်အားကို အလွဲသုံးစားပြုလုပ်ခြင်းနဲ့ လွန်ကဲစွာ တုံ့ပြန် ဆောင်ရွက်မှု မပြုလုပ်သင့်ဘူး။ ဒါကို အကြောင်းပြပြီး နိုင်ငံရေး ကြိုးကိုင်လုပ်ဆောင်မှုနဲ့ တရုတ်နိုင်ငံအား မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်း ပိုမလုပ်သင့်ဘူးဟု ယခုလ ၁၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။