အမေရိကန်မှာ အသက် သုံးနှစ်အရွယ် ကလေးငယ်သည် သေနတ် မတော်တဆမှုကြောင့် သေဆုံး

(GMT+08:00)2023-02-18 14:42:17  

   အမေရိကန် Florida ပြည်နယ် Wolusha ခရိုင် လုံခြုံရေးအရာရှိ Mike Chitwood က Wolusha ခရိုင်ရှိ သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးသည် အိမ်တွင်း ဗီတိုထဲတွင် သေနတ် တစ်လက်ကို တွေ့ရှိပြီး ယူကိုင်မိရာက မိမိကိုယ်ကို ပစ်မိလိုက်သလို ဖြစ်သွားပြီး  သေဆုံးသွားကြောင်း   ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

   အမေရိကန် GVA ခေါ် အမေရိကန် သေနတ် အကြမ်းဖက်မှု ဖိုင်များ ဝက်ဘဆိုက်မှ စာရင်းအရ ယခုလ ၁၇ ရက်နေ့အထိ စာရင်းအရ ဒီနှစ်အတွင်း အမေရိကန် ပြည်တွင်းတွင် လူဦးရေ ၅၅၄၀ ကျော်သည် အမျိုးမျိုးသော သေနတ်ပစ်ခတ်မှုများတွင် သေဆုံး နေကြရ ပြီး ယင်းတို့အနက် အသက် ၁၁ နှစ်နှင့် ၁၁ နှစ်အောက် ကလေးငယ် ၂၉ ဦး ပါဝင်ကြောင်း သတင်းရရှိပါသည်။