တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တာဝန်ပြီးမြောက်ပြီး တူရကီမှ တရုတ်နိုင်ငံသို့ ပြန်လာ

(GMT+08:00)2023-02-18 14:43:08  

        ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တူရကီနိုင်ငံ၌ ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်ခဲ့သော တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၈၂ ဦးသည် စင်းလုံးငှားလေယာဉ်ဖြင့် ဘေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီး တရုတ် ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅၉ ဦးတို့သည်လည်း ဤလေယာဉ်ဖြင့် အတူတူ ရောက်ရှိလာကြောင်း China Media Group  မှ သတင်းအရ သိရပါသည်။

        တူရကီနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ သေဆုံး ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှု များစွာ ဖြစ်ခဲ့ပြီး တရုတ် ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးသမားများ လျင်မြန်စွာ စေလွှတ်ခဲ့ပြီး နိုင်ငံတကာ ကယ်ဆယ်ရေးတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည့်အတွက် တူရကီအစိုးရ၊ ပြည်သူများနှင့် ကုလသမဂ္ဂ တို့က တန်ဖိုးထားချီးကျူးခဲ့ကြသည်။