ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇာစ်မြစ် ရှာဖွေစူးစမ်းရေးပြဿနာဖြင့် တရုတ်အား မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းကို တရုတ် ပြတ်ပြတ်သားသားဆန့်ကျင်

(GMT+08:00)2023-02-17 10:53:09  

ဖေဖော်ဝါရီလ ၁၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က မိမိတို့အနေဖြင့် ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇာစ်မြစ် ရှာဖွေစူးစမ်းရေးပြဿနာကို အသုံးပြုပြီး သတင်းအတုများကို ဖြန့်ပြီး တရုတ်နိုင်ငံအား မဟုတ်မမှန်ပုတ်ခတ်ပြောဆိုခြင်း လုပ်ရပ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ၄င်းမှာ နိုင်ငံတကာရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးမရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ကန့်ကွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံး သိပ္ပံနည်းကျစွာ ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇာစ်မြစ် ရှာဖွေစူးစမ်းရေးလုပ်ငန်းကို တစိုက်မတ်မတ် ထောက်ခံပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဇာစ်မြစ် ရှာဖွေစူးစမ်းရေးပြဿနာပေါ်တွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူ တတ်သော သဘောထားကို ကိုင်စွဲထားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး သိပ္ပံနည်းကျစွာ ကိုဗစ်-၁၉ဗိုင်းရပ်စ်ဇာစ်မြစ် ရှာဖွေစူးစမ်းရေး လုပ်ငန်းကို ဆက်လက်အထောက်အပံ့ပေးမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်သွယ်မှု၊  ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။