ယန်ဇီမြစ် finless porpoise များအတွက် နေရာရွှေ့ပြောင်း အကာအကွယ်ပေးခြင်း စတင်ဆောင်ရွက်

(GMT+08:00)2023-02-17 13:24:27  

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်သည် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ယန်ဇီမြစ် finless porpoise အတွက် နေရာရွှေ့ပြောင်းပြီး ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ စတင်ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျန်းရှီးပြည်နယ် ကျိုးကျန်းမြို့ ယုံရှူခရိုင်ရှိ စုန်မိန်စန်းရေပြင်၌ ယန်ဇီမြစ် finless porpoise များအား ဘေးကင်းစွာ ဖမ်းယူခြင်းကို တရားဝင်စတင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ယန်ဇီမြစ်လယ်နှင့် မြစ်ကြေတို့တွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုကြောင့် ပို့ယန်ရေကန်၏ အနိမ့်ဆုံးရေအဆင့်သည် သမိုင်းဝင် အနိမ့်ဆုံးဂဏန်းကိုတောင် ကျော်လွန်ခဲ့ပါသည်။  ရေအဆင့်ဆက်လက်ကျဆင်းလာသည်နှင့်အမျှ ပို့ယန်ရေကန်ရှိသဲတွင်းတွင် ယန်ဇီမြစ် finless porpoise အများအပြားသောင်တင်နေရပါသည်။ အန္တရာယ်များကို ရှောင်ရှားနိုင်ရန် ကျန်းရှီးပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဦးစီးဌာနက  အရေးပေါ် ခြောက်လှန့်မောင်းကာ ဖမ်းခြင်းကို ၆ ကြိမ်ဆောင်ရွက်ခဲ့ပြီး သောင်တင်နေသောယန်ဇီမြစ် finless porpoise အကောင်ရေ ၁၀၀ ကျော် အား ရေနက်ပိုင်းဧရိယာသို့ အောင်မြင်စွာရွှေ့ပြောင်းနိုင်ခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလျှော့ချနိုင်ခဲ့ပါသည်။