၂၀၂၃ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2023-02-17 13:21:54  

၂၀၂၃ခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပိုအော်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ် ဖိုရမ်၏  ဆောင်ပုဒ်မှာ မသေချာမရေရာသောကမ္ဘာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တံခါးဖွင့်ပြီး ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်စေရမည်ဖြစ်ပါသည်။

ယခုနှစ် ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို အွန်လိုင်းနှင့် အော့ဖ်လိုင်း ပုံစံနှစ်မျိုးဖြင့် ကျင်းပမည်ဖြစ်ပါသည်။ ထိုအချိန်တွင် နိုင်ငံအသီးသီးမှ နိုင်ငံရေး၊ စီးပွားရေးနှင့် မီဒီယာ စသည့် နယ်ပယ်များမှ ကိုယ်စားလှယ်များကို တက်ရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ပြီး အစည်းအဝေး၏ ဆောင်ပုဒ်နှင့် “ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးတူမျှဝေရေး”၊  “စီမံခန့်ခွဲရေးနှင့် လုံခြုံရေး” ၊ “ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး”၊ “မျက်မှောက်ကာလနှင့် အနာဂတ်” ဟူသော အချက် ၄ ချက် တို့အပေါ် ဆွေနွေးကြမည်ဖြစ်ပါသည်။