နမီးဘီးယားနိုင်ငံ ဆင်းရဲသားရပ်ကွက်၌ တရုတ်ဆေးဝါးကုသရေးအဖွဲ့သည် ကလေးများအား အခမဲ့ကုသပေး

(GMT+08:00)2023-02-17 13:24:56  

နမီးဘီးယားနိုင်ငံကို ထောက်ပံ့ကူညီပေးသော ၁၄ ကြိမ်မြောက် တရုတ်ဆေးဝါး ကုသရေးအဖွဲ့သည် ၁၆ရက်နေ့က နမီးဘီးယားနိုင်ငံ ဗင့်ဟွတ်မြို့တော်နှင့် ကီလိုမီတာ(၂၀)ခန့်ကွာဝေးသော ဖရန်စ်အနုပညာလေ့ကျင့်ရေးစင်တာသို့ ရောက်ရှိပြီး စာသင်နေကြသောကျောင်းသူကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ သည့်အပြင် ကလေးများအား သင်ထောက်ကူပစ္စည်းများ၊ ပန်းချီဆွဲကိရိယာများနှင့် အစားအစာများလည်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။