ကန်လွှတ်တော်မှ တရုတ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက် အတည်ပြုခြင်းကို တရုတ် ပြတ်ပြတ်သားသားဆန့်ကျင်

(GMT+08:00)2023-02-17 10:52:49  

ဖေဖော်ဝါရီလ ၁၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်လွှတ်တော်သည် တရုတ်နိုင်ငံမှ အမေရိကန်ပိုင်နက်နယ်မြေတွင် မိုးပျံပူဖောင်း အသုံးပြုခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်လွှတ်တော်မှ သက်ဆိုင်ရာဆုံးဖြတ်ချက်မှာ အဖြစ်မှန်ကို လျစ်လျူရှုပြီး နိုင်ငံရေးခြယ်လှယ်မှုနှင့် ရည်ရွယ်ချက်ဆိုးဖြင့် သတင်းဖြန့်မှုပင်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ အမေရိကန်လွှတ်တော်အနေဖြင့် အဖြစ်မှန်ကို လေးစားပြီး နိုင်ငံတကာဥပဒေ စိတ်ဓာတ်နှင့် နိုင်ငံတကာဆက်ဆံမှု အခြေခံမူများကို လေးစားကာ တရုတ်နိုင်ငံအား မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းဟူသော မှားယွင်းသည့် လုပ်ရပ်များကို ချက်ချင်း ရပ်စဲပြီး အခြေအနေတင်းမာစေသော လုပ်ရပ်များကို ရပ်စဲရန် မိမိတို့သည် အလေးအနက်တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။