ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီ အစည်းအဝေး ကျင်းပ

(GMT+08:00)2023-02-17 13:22:52  

ယခုလ ၁၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီ အစည်းအဝေး ကျင်းပပြီး မကြာခင်က ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အစီရင်ခံ တင်ပြခြင်းကို ကြားနာခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

၎င်းအစည်းအဝေးတွင် လွန်ခဲ့သည့် ၃နှစ် အတွင်း တရုတ်ပြည်၏ ကပ်ရောဂါ တိုက်ဖျက်ရေး ဖြစ်စဉ်သည် အလွန်ထူးကဲကြောင်း၊ ရှီကျင့်ဖိန်ကို အမြုတေ အဖြစ် ထားသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပြည်သူ့ကို ထိပ်ဆုံးနေရာတွင် ထားရှိခြင်းနှင့် အသက်ကို ထိပ်ဆုံးနေရာတွင် ထားရှိခြင်း ဟူသော အခြေခံမူအား စွဲကိုင်ပြီး ပြည်သူလူထုများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပေးခဲ့ကြောင်း၊ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ရရှိခဲ့သော ကြီးမားသော အောင်ကျိုးရလဒ်များကို ဆတက်ထမ်းပိုးတိုး မြတ်နိုးပြီး ခေတ်ကာလသစ်နှင့် ခရီးစဉ်သစ်တွင် အခက်အခဲများကို ကျော်လွှားကာ ရှေ့သို့ ရဲရဲဝံ့ဝံ့ ချီတက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။