ကန် Detroit ဆင်ခြေဖုံးတွင် အန္တရာယ်ရှိ ပစ္စည်းများ တင်ဆောင်သော ရထား တစ်စီး ဘီးချော်မှု ဖြစ်ပွား

(GMT+08:00)2023-02-17 13:23:30  

ဒေသ စံတော်ချိန် ယခုလ ၁၆ရက်နေ့က အမေရိကန်တွင် အန္တရာယ်ရှိသည့် ပစ္စည်းများကို တင်ဆောင်ထားသော ရထား တစ်စီးသည် Michiganပြည်နယ် Detroit ဆင်ခြေဖုံး ဒေသရှိ ဗန်ဘရွန်မြို့နယ်တွင် ဘီးချော်မှု ဖြစ်ပွားခဲ့ပါသည်။

ဒေသခံ အစိုးရ အရာရှိ တစ်ဦးက လက်ရှိတွင် ရထားပေါ် တင်ဆောင်ထားသော အန္တရာယ်ရှိသည့် ပစ္စည်းများ ယိုစိမ့်မှု ရှိမရှိကို မသိရသေးကြောင်း ပြောကြားခဲ့ပါသည်။