အဆိပ်ပါဓာတုပစ္စည်းများ တင်ဆောင်ထားသော အမေရိကန်ရထားတစ်စီး လမ်းချော်မှုသည် စိုးရိမ်ပူပန်မှုဖြစ်စေ

(GMT+08:00)2023-02-17 13:24:03  

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက အမေရိကန် Norfolk Southern မီးရထားကုမ္ပဏီ၏ ကုန်တင်ရထားတစ်စီးသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အိုဟိုင်းယိုးပြည်နယ် အရှေ့ပါလက်စတိုင်းမြို့ကို သွားရာမှာ ရထားတွဲ ၅၀ ခန့် လမ်းချော်သွားခဲ့ပါသည်။ ရထားတွဲ ၁၀ တွဲတွင် အဆိပ်ပါဓာတုပစ္စည်းများကို သယ်ဆောင်လာပြီး ယင်းအနက်  ငါးတွဲတွင် မီးလောင်လွယ်ပြီး ကင်ဆာဖြစ်စေနိုင်သော ဓာတ်ငွေ့ဗီနိုင်းကလိုရိုက်ကို သယ်ဆောင်ထားပါသည်။ ဤဖြစ်စဉ်တွင် ၎င်း၏နောက်ဆက်တွဲ အခြေအနေနှင့် အနာဂတ်အတွက် သက်ရောက်မှုသည် စိုးရိမ်ပူပန်မှု များစွာဖြစ်စေခဲ့ပါသည်။

ယင်း အမေရိကန်သယ်ယူပို့ဆောင်မှုလုံခြုံရေးကော်မတီ မှ ထုတ်ပြန်သော ဒရုန်းဗီဒီယိုတစ်ခုမှ စခရင်ရှော့ဓာတ်ပုံတွင် အဆိပ်ပါဓာတုပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု မြင်ကွင်းကို ပြသထားပါသည်။