အိန္ဒိယပြည်တွင်းဆောက်လုပ်သော လေယာဉ်တစ်စင်း လေယာဉ်တင်သင်္ဘောပေါ် အောင်မြင်စွာဆင်းသက်

(GMT+08:00)2023-02-16 16:54:49  

အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ မကြာသေးမီက အိန္ဒိယနိုင်ငံ ပြည်တွင်း ထုတ်လုပ်ထားသော LCA "Glorious" လေယာဉ်သည် ပြည်တွင်းဆောက်လုပ်သော လေယာဉ်တင်သင်္ဘော "Vikrant" ပေါ်တွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါသည်။

“Glorious” လေယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်မှုသည် အိန္ဒိယ ပြည်တွင်း၌လေယာဉ်တင်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းထုတ်ပြီး တီထွင်ထုတ်လုပ်ခြင်းနှင့် လည်ပတ်နိုင်စွမ်းရှိကြောင်း ပြသထားသည်ဟု အိန္ဒိယရေတပ်က ပြောကြားခဲ့ပါသည်။