ရှီကျင့်ဖိန်သည် “တရုတ်+အာရှအလယ်ပိုင်း ၅နိုင်ငံ” လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-02-16 15:55:51  

ယခုလ ၁၆ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “တရုတ်+အာရှအလယ်ပိုင်း ၅နိုင်ငံ” လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အာရှအလယ်ပိုင်း ၅နိုင်ငံတို့ ကြား သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ်ပေါင်း ၃၀ကျော် အတွင်း မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ရှေ့ဆင့်နောက်ဆင့် ထားရှိကာ နိုင်ငံတကာ ဆက်ဆံမှုသစ် စံနမူနာကို စိုက်ထူခဲ့ကြကြောင်း၊ တရုတ်ပြည်သည် အာရှ အလယ်ပိုင်း နိုင်ငံများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အပြန်အလှန် အကျိုးရရှိစေရေးကို အကောင်အထည်ဖော်ဆောင်ကာ ဒေသတွင်း စီးပွားရေးကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် အတူတကွ တွန်းအားပေး၍ ပိုမိုရင်းနှီးသော တရုတ်-အာရှအလယ်ပိုင်းဒေသ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်လိုကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့ပါသည်။