တရုတ်ကုမ္ပဏီမှ ဖော်ဆောင်သည့် ရေပေးဝေရေးစီမံကိန်းကြောင့် ပိုမို များပြားသော မဒါဂတ်စကာပြည်သူများ ရေသန့်ရရှိ

(GMT+08:00)2023-02-16 16:45:18  

အသက် ၄၄နှစ် အရွယ်ရှိသူ Landria သည် ပန်းရန် သမားတစ်ဦးဖြစ်ပြီး မဒါဂတ်စကာနိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ Toliara တွင် အနှစ် ၂၀ ကျော် မှီတင်းနေထိုင်ခဲ့ပါသည်။ မကြာမီက တရုတ်ကုမ္ပဏီတစ်ခုမှ ဖော်ဆောင်ပေးသည့် ရေပေးဝေရေးစီမံကိန်းကြောင့် Landria ၏ အိမ်တွင် ရေသန့်စက် ကို တပ်ဆင်ပြီး အိမ်ပြင်မထွက်ဘဲ ရေသန့်အသုံးပြုလိုသောဆန္ဒကို အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။

၂၀၂၁ခုနှစ် မတ်လမှစ၍ China Railway 18th Bureau Group Co.,Ltd သည် Toliara မြို့တွင် ရေပေးဝေရေးစီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ ပါသည်။ ဒေသခံအိမ်ထောင်စု ၄၈၀အတွက် ရေသန့်စက်များကို တပ်ဆင်ပေးပြီး ရေပေးဝေရေးစီမံကိန်းကြောင့် အကျိုးခံစားရသူဦးရေ ၇သောင်း၅ထောင်ခန့် ရှိပါသည်။