"Peace-23" နိုင်ငံစုံ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးစီး

(GMT+08:00)2023-02-16 16:46:02  

     ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ညနေပိုင်းက ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် "Peace-23" နိုင်ငံစုံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အောင်မြင်စွာ လေ့ကျင့်ပြီးစီးခဲ့သည်ဟု သတင်းအရသိရပါသည်။

ပါကစ္စတန်၏ "ငြိမ်းချမ်းရေး" စစ်ရေးလေ့ကျင့်မှု စီးရီးစ်သည် ငြိမ်းချမ်းရေး အတူတကွ တည်ဆောက်ကြ ဆောင်ပုဒ်ဖြင့် ပင်လယ်သမုဒ္ဒရာလုံခြုံရေးကို ပူးတွဲထိန်းသိမ်းရန် ရည်ရွယ်ပြီး၊ ၂၀၀၇ ခုနှစ်မှစ၍ ၂ နှစ် တစ်ကြိမ် ပြုလုပ်ကျင်းပလေ့ရှိပါသည်။