ဆီးရီးယား မေ့ဆေးဆရာဝန်တစ်ဦး ငလျင်ကြောင့် ဇနီးနှင့်သမီး သေဆုံးလို့ ၀မ်းနည်း ပူဆွေးနေပေမယ့် ရှေ့တန်း၌ အလုပ်လုပ်နေ

(GMT+08:00)2023-02-16 16:53:11  

ဟာလီလယ်သည် ဆီးရီးယားရှိ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပါသည်။ ငလျင်လှုပ်ပြီးကတည်းက ဆေးရုံမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရလူနာတွေကို ဆေးကုသပေးနေပါတယ်။ ၎င်း၏ ဇနီးနှင့် သမီးနှစ်ဦးရဲ့ ရုပ်အလောင်းများကို လွန်ခဲ့သည့် ရက်အနည်းငယ်က အပျက်အစီးများကြားမှ ကယ်ဆယ်ရေးသမားများ ရှာဖွေတွေ့ရှိခဲ့ ပါသည်။

ဟာလီလယ်က ကျွန်တော် ဆေးရုံမှာ လူနာတွေကို စောင့်ရှောက်နေချိန် ကျွန်တော့်ဇနီးနဲ့ သမီးကို အပျက်အစီးတွေအောက်မှာ မြှုပ်နှံခံခဲ့ရပြီး ကျွန်တော်ကတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူးလို့ ၀မ်းနည်းစွာပြောကြားခဲ့ပါသည်။