ကန်သည်“မိုးပျံပူဖောင်းပြဿနာ”နှင့်ပတ်သက်၍ တရုတ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရှင်းပြပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2023-02-16 16:42:54  

ဖေဖော်ဝါရီလ ၁၅ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်နိုင်ငံအနေဖြင့် “မိုးပျံပူဖောင်းပြဿနာ”နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ရှင်းပြပေးသင့်ကြောင်း ပြေကြားခဲ့ ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ၂၀၂၂ခုနှစ် မေလမှစ၍ အမေရိကန်နိုင်ငံ သည် မိုးပျံပူဖောင်းများစွာကို လွှတ်တင်ခဲ့ရာ တစ်ကမ္ဘာလုံး တွင် ပျံသန်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် မရှိဘဲ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ရှီဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အပါအဝင် တရုတ်နိုင်ငံ၏ လေကြောင်းပိုက်နက်အတွင်းသို့ ၁၀ကြိမ်ထက်မနည်း တရားမဝင် ပျံသန်းဖြတ်ကျော်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ လေသင်္ဘောမှ အမေရိကန်လေကြောင်းပိုင်နက်သို့ မတော်တဆဝင်ရောက်ခြင်းကို အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးမှု ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါသည်၊ အမေရိကန်နိုင်ငံမှ လွှတ်တင်သော မိုးပျံပူဖောင်းများသည် တရုတ်နိုင်ငံ၏ လေကြောင်းပိုင်နက်ကို တရားမဝင်ပျံသန်းဖြတ်ကျော်ခြင်းအား မည်ကဲ့သို့ ရှင်းပြမည်နည်းဟု မေးမြန်းခဲ့ပါသည်။