တူရကီနိုင်ငံ တရားရေးဝန်ကြီးဌာနသည် အရည်အသွေးညံ့သော အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် တာဝန်ရှိသူ ၂၂၁ ဦးကို တရားစွဲ

(GMT+08:00)2023-02-16 16:47:54  

လက်ရှိအချိန်အထိ တူရကီနိုင်ငံ တရားရေးဝန်ကြီးဌာနသည် လူပေါင်း ၂၂၁ ဦးကို တရားစွဲဆိုပြီး ၎င်းအနက် ၂၄ဦးကို ဖမ်းဆီးပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ငလျင်လှုပ်ခတ်မှုအတွင်း အရည်အသွေး ညံ့သော အဆောက်အအုံများပြိုကျမှု အတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရကြောင်း၊ ရှေ့နေချုပ် ၄၇၈ဦးလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွင် ပါဝင်ကြကြောင်း တူရကီ ဒေသခံ မီဒီယာမှ ၁၅ရက်နေ့ထုတ် သတင်းကို ကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။