မြန်မာ မီးရထားဘူတာရုံတစ်ခု၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိ

(GMT+08:00)2023-02-15 15:34:45  

ဖေဖော်ဝါရီလ၁၃ ရက်နေ့၌SAC ကမီဒီယာများအားကြေညာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးညောင်လေးပင်ဘူတာရုံမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်းဆင်ဟွာသတင်းဌာနက ၁၄ ရက်နေ့တွင်ရေးသားဖော်ပြပါသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိကာ၎င်းတို့ကို အနီးနားရှိ ဆေးရုံသို့ ကုသရန် ပို့ဆောင်ခဲ့ကြောင်း၊ ၄င်းတို့အနက် ဒဏ်ရာရရှိသူတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးသွားကြောင်းသတင်းအရသိရပါသည်။ SACမှထုတ်ပြန်သောဓာတ်ပုံအရပေါက်ကွဲမှုကြောင့် မီးရထားဘူတာရုံပလက်ဖောင်းအများအပြားပျက်စီးသွားပါသည်။အဆိုပါ ပေါက်ကွဲမှုသည် လက်နက်ကိုင်အဖွဲ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊လုံခြုံရေးတပ်ဖွဲ့က လက်နက်ကိုင်သမားများကိုလိုက်လံရှာဖွေနေကြောင်းSACကပြောကြားခဲ့ပါသည်။