မီတာ ၈၀၀ နက်သော လိုဏ်ဂူတွင် ပျောက်ကွယ်လုနီးဖြစ်သည့် Oreolalax Rodostigmatus ကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-02-15 15:23:52  

      မကြာမီရက်များတွင် တရုတ်နိုင်ငံ အနယ်နယ်အရပ်ရပ်မှ လိုဏ်ဂူ စူးစမ်း လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များနှင့် ရှေးဟောင်းအမွေအနှစ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ၁၈ဦးတို့သည် ချုံချင့်မြို့ Wulong Karst ကမ္ဘာ့သဘာဝအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဇုန်ရှိ Tianxing Cave Group တွင် သိပ္ပံနည်းပညာစုံးစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြပါသည်။ မီတာ ၈၀၀ နက်သော လိုဏ်ဂူတွင် ပညာရှင်များသည် တရုတ်နိုင်ငံ၌ ပျောက်ကွယ်လုနီးဖြစ်သော Oreolalax Rodostigmatus ကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။