ရှိဆောင်ဘဏား ခရီးသွားဈေးကွက် ကျော်ကြားလျက်ရှိ

(GMT+08:00)2023-02-15 14:08:35  

    နွေဦးပွဲတော် အားလပ်ရက်မှစ၍ ယူနန်ပြည်နယ် ရှိဆောင်ဘဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲတွင် ခရီးသွားလုပ်ငန်း ရေပန်းစားကျော်ကြားလျက်ရှိနေပါသည်။ ၂၀၂၃ခုနှစ် နွေဦးပွဲတော် အားလပ်ရက်များ တွင် ရှိဆောင်ဘဏား ရှုခင်းသာနေရာ၌ ခရီးသွားဦးရေ ၂ သန်း ၇ သိန်း ၁ သောင်း ၇ထောင် ကျော် လက်ခံခဲ့ရပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅၅၄.၅၁ ရာခိုင်နှုန်း တိုးလာကြောင်း ရှိဆောင်ဘဏား ယဉ်ကျေးမှုနှင့် ခရီးသွားဌာနမှ စစ်တမ်းများ အရ သိရပါသည်။