တရုတ်ကယ်ဆယ်ရေးအဖွဲ့စခန်းကို သွားရောက်ကြည့်ရှု

(GMT+08:00)2023-02-15 15:15:54  

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တူရကီနိုင်ငံ၏ ငလျင်ဒဏ်အပြင်းထန်ဆုံးဖြစ်သည့် Hatayပြည်နယ် Antakyaမြို့ Hatay အားကစားကွင်းအပြင်ဘက်တွင် စခန်းချပြီး ကွပ်ကဲရေး၊ ဆက်သွယ်ရေး၊ ဆေးကုသရေး၊ ဂိုဒေါင်၊ တည်းခိုခန်း စသော အဆောက်အအုံများ နှင့် ကယ်ဆယ်ရေးဆောင်ရွက်မှုဇုန်ကို ထူထောင်ခဲ့ပါသည်။ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့အထိ တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် Antakyaမြို့ မှ အသက်ရှင်ကျန်ရစ်သူ ၆ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့၏ နောက်ဆုံးသတင်းများအရ သိရပါသည်။