ဟာရီကိန်းဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အရေးပေါ် အခြေအနေသို့ ရောက်ရှိနေကြောင်း နယူးဇီလန်အစိုးရ ကြေညာ

(GMT+08:00)2023-02-15 14:11:19  

ဟာရီကိန်း“Gabrielle”ကြောင့် ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန်အတွက် နယူးဇီလန်အစိုးရက ၁၄ရက်နေ့မှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း ကြေညာခဲ့ပါသည်။ "Gabrielle"သည် ၁၃ရက်နေ့က နယူးဇီလန်နိုင်ငံ မြောက်ကျွန်း၏မြောက်ဘက်စွန်းမှ မုန်တိုင်းဝင်ရောက်လာပြီး အကြီးဆုံးမြို့ဖြစ်သည့် Auckland အပါအဝင် မြောက်ကျွန်းအများစုဒေသများကို တိုက်ခတ်ခဲ့ပါသည်။ ဟာရီကိန်းမုန်တိုင်းသည် အရှေ့တောင်ဘက်သို့ ရွေ့လျားသွားသည်နှင့်အမျှ လာမယ့်ရက်များတွင် Wellington မြို့တော် နှင့် တောင်ကျွန်းတို့ကို တိုက်ခတ်နိုင်သည်ဟု နယူးဇီလန်နိုင်ငံ မိုးလေဝသဌာနက ၁၄ရက်နေ့က ခန့်မှန်းခဲ့ပါသည်။