အမေရိကန်သည် စံကိုက်လောက်သောကမ္ဘာ့ နံပါတ်(၁) စောင့်ကြည့်မှု ပြုသည့်နိုင်ငံပင် ဖြစ်သည်ဟုတရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-02-15 14:00:59  

ယခုလ ၁၄ ရက်နေ့ကကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် “အမေရိကန် ကောင်းကင်ယံပေါ်မှ ပိုင်ရှင်မဲ့ပူဖောင်းသည် တရုတ်နှင့် ရုရှားတို့၏ နေတိုးနိုင်ငံများအားစောင့်ကြည့်မှု တိုးမြှင့်လာသည့်လက္ခဏာ ဖြစ်သည်” ဟူသောနေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်၏ ပြောဆိုမှုအပေါ်သတင်းထောက် ရဲ့မေးမြန်းချက်ကိုဖြေကြားရာမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်ကတရုတ်နိုင်ငံ၏ အရပ်ဘက်သုံးမောင်းသူမဲ့ လေသင်္ဘောသည် အမေရိကန် ပိုင်နက် ကောင်းကင်ယံသို့ မတော်တဆဝင်ရောက်ခဲ့ခြင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီးမိမိတို့သည် မိမိတို့၏ ရပ်တည်ချက်ကိုအကြိမ်ပေါင်းများစွာရှင်းလင်းဖေါ်ပြခဲ့ပြီ ဖြစ်ပြီးနေတိုးအဖွဲ့၏ သက်ဆိုင်ရာပြောဆိုချက်များသည် မသမာသောရည်ရွယ်ချက်ဖြင့် တမင် မှန်းဆကာမဟုတ်မမှန် လုပ်ကြံပြောဆိုခြင်းသက်သက်သာဖြစ်ကြောင်း၊ စောင့်ကြည့်မှု ပြုလုပ်သည့် နိုင်ငံ ပြောမည် ဆိုပါက အမေရိကန်သာ စံကိုက်လောက်သောကမ္ဘာ့ နံပါတ်(၁) စောင့်ကြည့်မှု ပြုသည့်နိုင်ငံပင် ဖြစ်ပြီးဥရောပနိုင်ငံများအပါအဝင် နိုင်ငံတကာမိသားစုကြီးကလက်တွေ့ကျ သည့်ခံစားချက်များရှိပါကြောင်း၊ အမေရိကန်politicianဝက်ဘ်ဆိုက်မှ သတင်းအရအမေရိကန် စစ်ဘက်သည် ၁၉၉၇ ခုနှစ်ကစပြီးဝေဟင်မြင့်လေသင်္ဘောကိုလေ့လာထုတ်လုပ်ရန် ဒေါ်လာဘီလီယံချီထုတ်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်းကင်းထောက် စက်ကိရိယာပါသယ်ဆောင်နိုင်သောဝေဟင်မြင့် ပူဖောင်းများကိုစစ်ရေးအသုံးအဖြစ် လှည့်ပြောင်းပြီးတရုတ်နှင့် ရုရှားတို့၏Hypersonic strategic cruiseဒုံးကျည်များကိုလိုက်လံစုံစမ်းရန် အသုံးပြုခဲ့ကြောင်းပြောကြားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။