အမေရိကန် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ

(GMT+08:00)2023-02-15 15:33:22  

အမေရိကန်နိုင်ငံမီရှီဂန်ပြည်နယ် တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၄င်းတက္ကသိုလ်၏ရဲဘက်မှဆိုရှယ်မီဒီယာတွင် အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

သံသယရှိသူသည် အမျိုးသားတစ်ဦးဖြစ်ပြီး ခြေလျင်ဖြင့် ပစ်ခတ်မှုကိုတစ်ကိုယ်တော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပစ်ခတ်ခဲ့သူမှာကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားကြောင်းတက္ကသိုလ် ရဲဘက်ကပြောပါသည်။