တူရကီ၌ ငလျင်ပြင်းထန်စွာလှုပ်ခတ်မှုကြောင့် လူ ၃၅၀၀၀ ကျော် သေဆုံး

(GMT+08:00)2023-02-15 15:16:37  

တူရကီနိုင်ငံ၌ ဖေဖော်ဝါရီလ ၆ရက်နေ့က ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့သောကြောင့် လူပေါင်း ၃၅၄၁၈ ဦး သေဆုံးပြီး ၁၀၅၅၀၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၃၂၀၈ ဦးကို ဆေးရုံများတွင် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၀၀တို့သည် ငလျင်လှုပ်ခတ် ပြီးနောက် တူရကီမှအရေးပေါ် အကူအညီတောင်းမှုကို  တုံ့ပြန်ခဲ့ကြကြောင်း၊ ၎င်းအနက် နိုင်ငံပေါင်း ၈၄နိုင်ငံတို့သည် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး နိုင်ငံပေါင်း ၆၁နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ခဲ့ကြောင်း၊ ယင်းအတွက် တူရကီမှ ကျေးဇူးတင်ရှိကြောင်း တူရကီနိုင်ငံသမ္မတ Erdoganက ဖေဖော်ဝါရီလ ၁၄ရက်နေ့က ပြောကြားခဲ့ပါတယ်။