၂၀၂၃ပိုးလမ်းမ ရုပ်မြင်သံကြား အသိုက်အဝန်း ထိပ်သီးဖိုရမ် ပေကျင်းတွင် ကျင်းပ

(GMT+08:00)2023-02-15 14:10:41  

ဖေဖော်ဝါရီလ ၁၄ရက်နေ့က China Media Group မှ ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံတကာ ရုပ်မြင်သံကြားကုမ္ပဏီချုပ်မှ ဆောင်ရွက်သော " ၂၀၂၃ပိုးလမ်းမ ရုပ်မြင်သံကြား အသိုက်အဝန်း ထိပ်သီးဖိုရမ်"ကို ပေကျင်း၌ ကျင်းပခဲ့ပါသည်။ ယင်းဖိုရမ်သည် "အတူတကွဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေး” ဟူသော ဆောင်ပုဒ်ဖြင့် “Belt and Road” တစ်လျှောက် နိုင်ငံများ၏ မီဒီယာများအကြား အရည်အသွေး ပိုမို မြင့်မားသော ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန်၊ ယဉ်ကျေးမှုကူးလူးဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာစေရန်နှင့် ပြည်သူချင်း စိတ်ချင်း ဆက်နွှယ်စေရေး မြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ နိုင်ငံနှင့် ဒေသပေါင်း ၃၃ ခုမှ ပင်မမီဒီယာအဖွဲ့အစည်းပေါင်း ၅၄ ဖွဲ့မှ ကိုယ်စားလှယ် ၁၂၀ ကျော် အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။