မီးရထားဘီးချော်မှုသည် အမေရိကန်၏ လူအခွင့်အရေးဆိုင်ရာ ဟန်ဆောင်ထားသညှ်ုကို ပေါ်လွင်လာစေ

(GMT+08:00)2023-02-15 13:59:33  

ယခုလ ၃ရက်နေ့က အမေရိကန် နိုင်ငံ Ohioပြည်နယ် အရှေ့ပါလက်စတိုင်းမြို့တွင် မီးရထားဘီးချော်မှု ဖြစ်ပွားပြီး မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပါသည်။ အမေရိကန် မီဒီယာ၏ သတင်းထုတ်ပြန်ချက်အရ ၄င်းကုန်တင်ရထား၏ ရထားတွဲ ၅၀ခန့်သည် ဘီးချော်မှု ဖြစ်ပွားပြီး ယင်းအနက် ၁၀တွဲတွင် အဆိပ်ပါသော ဓါတု ပစ္စည်းများကို တင်ဆောင်ကာ ၅တွဲသည် ပေါက်ကွဲရန် အန္တရာယ် ရှိကြောင်း သိရပါသည်။ ယခုလ ၆ရက်နေ့တွင် ဒေသခံ အရေးပေါ် အခြေအနေ ရင်ဆိုင်ရေး ဌာနသည် ရထားပေါ် တင်ဆောင်သည့် အဆိပ်ပါသော အငွေ့ကို “ထိန်းချုပ်မှုရှိသော ထုတ်လွှတ်မှု” ပြုလုပ်မည်ဟု ဆုံးဖြတ်ပြီး ဘေးပတ်လည် ၃-၄ ကီလိုမီတာ အတွင်းရှိ နေထိုင်သူများကို ပြောင်းရွှေ့ပေးခဲ့ပါသည်။ ၃ရက်အကြာတွင် ဒေသခံ အစိုးရက ရထား ဘီးချော်မှုကြောင့် ညစ်ညမ်းမှု ဖြစ်ပွားခြင်း မရှိဘဲ နေထိုင်သူများ ၄င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်မည်ဟု အကြောင်းကြားခဲ့ပါသည်။ သို့သော် အိမ်ပြန်ခဲ့သော နေထိုင်သူ အချို့သည် အနည်းနှင့် အများဆိုသလို အဆိပ်သင့်သည့် လက္ခဏာများ ဖြစ်ပေါ်လာပြီး အနီးတဝိုက်ရှိ တိရစ္ဆာန်များ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်းနှင့် မျက်ရည်ကျခြင်း စသည့် အဆိပ်သင့်သည့် လက္ခဏာများလည်း ဖြစ်ပေါ်လာပါသည်။ လူအများသည် ရထားဘီးချော်မှုကြောင့် မည်သို့ ဆိုးရွားသည့် ပတ်ဝန်းကျင် ထိခိုက်မှုကို ဖြစ်စေခဲ့သနည်း၊ အမေရိကန် အစိုးရနှင့် သက်ဆိုင်ရာ ရထားကုမ္ပဏီ အနေနှင့် မည်သို့သော ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းများ ဆောင်ရွက်မည်နည်း ဆိုသည်ကို သိချင်ပါသည်။ သို့သော် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီ၏ ဆောင်ရွက်မှုနှင့် တုံ့ပြန်မှုများသည် စိတ်ပျက်ဖွယ်ရာ ကောင်းလှပါသည်။

ပထမအချက်က အမေရိကန် အစိုးရ၏ သက်ဆိုင်ရာ လုပ်ငန်းဌာနများသည် အဆိပ်ပါသော ဓါတု ပစ္စည်းများ ထုတ်လွှတ်မှု၏ ပမာဏကို ယခုအထိ ထုတ်ပြန်ခြင်း မရှိသေးပါ။ Ohioပြည်နယ် အန္တရာယ်ရှိသော ပစ္စည်းများ ဆိုင်ရာ ကျမ်းကျင်သူ ပညာရှင် တစ်ဦးက ဓါတု ပစ္စည်း ယိုစိမ့်မှုနှင့် ထုတ်လွှတ်မှုသည် ၄င်းမြို့လေးကို ဖျက်ဆီးရာ ရောက်ကြောင်း၊ လာမည့် ၅နှစ်မှ နှစ် ၂၀ အတွင်း ၄င်းဒေသတွင် ကင်ဆာရောဂါသည် များစွာ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယ အချက် ကတော့ ၄င်းမတော်တဆမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ထူးဆန်းသည့် ကိစ္စ ဖြစ်ပွားခဲ့ပါသည်။ ယခုလ ၈ရက်နေ့က Ohioပြည်နယ်၌ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် သတင်းထောက် တစ်ဦးသည် Live ထုတ်လွှင့်မှု ပြုလုပ်ရာ ရှဲ ဖမှ်းု ခ လိုက်ဲ့ရပါသည်။ ရဲဘက်မှ ပေးသည့် အကြောင်းပြချက်မှာ ၄င်းသတင်းထောက်၏ Live ထုတ်လွှင့်မှုသည် ပြည်နယ် အုပ်ချုပ်ရေးမှူး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲကို အနှောင့်အယှက် ပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုပါသည်။ အဘယ်ကြောင့် အမေရိကန် ပြည်သူများ၏ အသက်၊ ကျန်းမာရေး၊ နေထိုင်မှု ပတ်ဝန်းကျင် နှင့် လုံခြုံရေး စသဖြင့် အလွန် ကြီးမားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် အခြေအနေမျိုးတွင် ၄င်းတို့၏ အခြေခံ အကျဆုံးသော သိရှိပိုင်ခွင့်တောင် မရှိသနည်း။

တတိယ အချက်က သက်ဆိုင်ရာ ကျွမ်းကျင်သူ နည်းပညာ ဝန်ထမ်း၏ ပြောဆိုချက် အရ ECP ဘရိတ် စနစ်ကို တပ်ဆင်ထားလျှင် ၄င်းရထားကို အောင်မြင်စွာ ရပ်တန့်စေနိုင်ဖွယ်ရာ ဖြစ်ပြီး ဘီးချော်မှု ဖြစ်ပွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ရထားပိုင်ဆိုင်သူ နိုဖုတ်တောင်ပိုင်း ကုမ္ပဏီသည် ရထားတွင် ECP ဘရိတ် စနစ်ကို တပ်ဆင်ရန် ငြင်းပယ်ခဲ့ပါသည်။ ဗြိတိန် The Gardian သတင်းစာတွင် အမေရိကန် ရထား လုပ်ငန်း ကုမ္ပဏီများသည် လုံခြုံရေး အပေါ် အကျိုးအမြတ် လွှမ်းမိုးခြင်းကို နှစ်လရှည်ကြာစွာ ဆောင်ရွက်တာ ဖြစ်ကြောင်း၊ ယခုအကြိမ် မတော်တဆမှုသည် ၄င်းလုပ်ငန်းတွင် ကြီးကြပ်ကွပ်ကဲမှု မရှိသော ချွတ်ယွင်းချက်ကို ပေါ်လွင်လာစေကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

မခန့်မှန်းနိုင်သော အန္တရာယ်များကို ရင်ဆိုင်နေရသောကြောင့် အရှေ့ပါလက်စတိုင်းမြို့ နေထိုင်သူ အချို့သည် ကိုယ့်အိုးကိုယ့်အိမ်နှင့် ခွဲခွါနေရပါသည်။ မည်သူသည် သာမန် အမေရိကန် ပြည်သူများ၏ ကျန်းမာရေး၊ အသက်နှင့် လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ပေးနိုင်မည်နည်း။ လူ့အခွင့်အရေးကို တဖွဖွ ပြောဆိုနေသည့် အမေရိကန် နိုင်ငံရေး သမားများသည် ဆွံ့အ နားမကြားသလို ဟန်ဆောင် နေကြပါသည်။