ဖင်လန်က ဆွီဒင်ထက် ပိုစောပြီးနေတိုးအဖွဲ့ဝင်ခြင်းအပေါ် လက်ခံနိုင်သည်ဟု နေတိုး အတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2023-02-15 15:31:25  

ဒေသစံတော်ချိန် ၁၄ ရက်နေ့တွင် ဘရပ်ဆဲလ်၌ နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေး မစမီက နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ဖင်လန်က ဆွီဒင်နိုင်ငံထက်စောပြီး နေတိုးအဖွဲ့ဝင်ရန် လက်ခံနိုင်ကြောင်း၊ အရေးကြီးသည်မှာဆွီဒင်နှင့် ဖင်လန် နှစ်နိုင်ငံစလုံး နေတိုးအဖွဲ့ ဝင်လာရန်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။