ချင်ကန်းသည် အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘူဒူလာဟီယန်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-02-15 14:02:18  

ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ဘေကျင်း၌ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘူဒူလာဟီယန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အီရန် နျူကလီးယားပြဿနာနှင့်ပတ်သက်၍ အာဘူဒူလာဟီယန်က ဘက်စုံသဘောတူညီချက် ပြန်လည်ဖေါ်ဆောင်ရေး စေ့စပ်ဆွေးနွေးမှုတွင် နောက်ဆုံး တိုးတက်မှုကို ရှင်းလင်း မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ချီးကျူးခဲ့ပါသည်။

ချင်ကန်းက တရုတ်နိုင်ငံသည် အီရန်အား ၎င်း၏တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ခြင်းကို ထောက်ခံကြောင်း၊ အီရန်နျူကလီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းသည်ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အခြားသက်ဆိုင်ရာ ဘက်အသီးသီးတို့သည်လည်း တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ရန် ပန်ကြားပါကြောင်း ပြောကြားခဲ့ပါသည်။