ရုရှားနိုင်ငံယာရိုစ်လာဖ်လ်ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား

(GMT+08:00)2023-02-14 15:30:21  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုရှားနိုင်ငံ ယာရိုစ်လာဖ်လ်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ခဲ့သည့်အတွက်ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်းသိရပါသည်။

ရုရှားနိုင်ငံ အရေးပေါ်အခြေအနေရေးရာဝန်ကြီးဌာနက အဆိုပါဖြစ်စဉ်တွင် လူအသေအပျောက် မရှိသလိုဒေသခံများအတွက် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှုလည်း ထိခိုက်မှု မရှိကြောင်း ကြေညာခဲ့ပါသည်။