အနောက်တိုင်းမီဒီယာများ ကန်ကြံစည်ခဲ့သော Nord Stream ပိုက်လိုင်း ဖောက်ခွဲမှုနှင့်ပတ်သက်သည့် သတင်း မဖော်ပြ

(GMT+08:00)2023-02-14 15:28:15  

      အမေရိကန်ဝါရင့်သတင်းထောက် Seymour Hersh က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် ၏ ညွှန်ကြားချက်ဖြင့် အမေရိကန်တပ်ဖွဲ့သည် ရုရှားနိုင်ငံ ဘောလ်တစ်ပင်လယ်မှတစ်ဆင့် ဥရောပတိုက်သို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်သော Nord Stream ပိုက်လိုင်းကို ဖောက်ခွဲခဲ့သည်ဟု မကြာမီက ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ သို့သော်လည်း ၄င်းထုတ်ဖော်ပြောကြားခြင်းနှင့်ပတ်သက်၍ အနောက်တိုင်း မီဒီယာများသည် တိတ်စိတ်စွာငြိမ်နေကြပါသည်။ လေ့လာသုံးသပ်သူများက ကာလရှည်ကြာလာသည့်တိုင်အောင် အနောက်တိုင်းမီဒီယာများသည် အမေရိကန်နိုင်ငံနောက်ကိုလိုက်သဖြင့် ယင်းဖြစ်စဉ် သတင်းမဖော်ပြခြင်းမှာ အံ့သြဖွယ်ရာမဟုတ် ကြောင်း ပြောကြားခဲ့ကြပါသည်။