တရုတ်နိုင်ငံရှိ ကျောင်းများ ရာနှုန်းပြည့်နီးပါး အင်တာနက်နှင့် ချိတ်ဆက်ထား

(GMT+08:00)2023-02-14 13:57:23  

   ကမ္ဘာ့ ဒစ်ဂျစ်တယ် ပညာရေးညီလာခံကို ယခုလ ၁၃ ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့ရာ၊ (၂၀၂၂ ခုနှစ် တရုတ်စမတ်ပညာရေးစက္ကူပြာစာတမ်း)နှင့် ၂၀၂၂ခုနှစ် တရုတ်စမတ်ပညာရေးဖွံ့ဖြိုးမှုညွှန်းကိန်းဆိုင်ရာ အစီရင်ခံစာတို့ကို ထုတ်ပြန်ခဲ့သည်ဟု သတင်းအရသိရပါသည်။

   ထိုအစီရင်ခံစာတွင် တရုတ်နိုင်ငံ စမတ်ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် စက်ကိရိယာပစ္စည်းများကို အခြေခံအားဖြင့် ပြီးပြည့်စုံအောင် ဆောက်လုပ်နိုင်ခဲ့ပြီဖြစ် ပြီး၊ တရုတ်နိုင်ငံရှိ ကျောင်းများအားလုံး ရာနှုန်းပြည့်နီးပါး အင်တာနက်နှင့် ချိတ်ဆက်နိုင်ခဲ့ကြကြောင်း ဖေါ်ပြသည်ဟု သတင်းအရသိရပါသည်။